badboy007
Would you like to react to this message? Create an account in a few clicks or log in to continue.

အလွမ်းကောင်မလေး

Go down

အလွမ်းကောင်မလေး Empty အလွမ်းကောင်မလေး

Post  Admin Fri Nov 27, 2009 2:17 pm

ကောင်မလေးရယ်
နင့်ကိုလွမ်းတဲ့စိတ်နဲ့ငါ့မနက်ဖြန်တွေ
ဆေးရောင်စုံဆိုးလိုက်ရတယ်။
လမ်းလျှောက်ရင်းလမ်းတစ်ဝတ်မှာ
ထမ်းပိုးလာတဲ့မျှော်လင့်ချက်က
အသက်ငင်နေတယ်။
ဆုံနိုင်ခွင့်ကောက်ရိုးလေးက
လက်တစ်ဆစ်လောက်တောင်
မကျန်တော့ဘူးလား။
စကားလုံးတွေခမ်းခြောက်နေပြီလား။
ငါတို့အချစ်တွေကကုန်ခမ်းတော့ရမှာလား။
ဘာအတွက်လဲ ဘာကြောင့်လဲ
ကံတရားကငါတို့ကိုအလွမ်းဇာတ်လမ်းနဲ့အဆုံးသတ်စေတာလား။
မရေရာတဲ့အကြောင်းပြချက်နဲ့
ငါတို့တွေလမ်းခွဲရတော့မှာလား။
ကောင်မလေးရယ်
နင်အတွက်ငါပိုင်ဆိုင်ထားတဲ့အလွမ်းတွေကို
နင်သိစေချင်တယ်။ ။
ညီမလေး-အတွက်။

Admin
Admin

Posts : 28
Join date : 2009-11-19

https://badboy007.board-directory.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum