badboy007
Would you like to react to this message? Create an account in a few clicks or log in to continue.

Photoshop မှာဆံပင်များမပျက်စေဘဲ background ပြောင်းမလား

Go down

Photoshop မှာဆံပင်များမပျက်စေဘဲ background ပြောင်းမလား Empty Photoshop မှာဆံပင်များမပျက်စေဘဲ background ပြောင်းမလား

Post  Admin Tue Dec 01, 2009 11:46 am

photoshop မှာဆံပင်အနားသားအမွှေးအမျှင်ပါသောဓာတ်ပုံကိုဖြတ်ဖို.Filter/Extract နဲ.ဖျတ်ကြည်.ပါ။Menu ကနေ Filter>Extract ကိုရွေးလိုက်ပါမယ်။ Extract Dialog မှာ ပထမဆုံး ပြုလုပ်ရမှာက အနားသတ် Edge လေးတွေကို Edge Highlighter Tool အသုံးပြုပြီး Select လုပ်ပါမယ်။။အခုလိုအနားသတ် Edge ဆွဲပြီးသွားရင် Extract dialog ရဲ့ Tool တွေမှာ Fill Tool ဟာ Enable ဖြစ်လာပါပြီ၊ အဲဒီ Fill Tool နဲ့ ပုံမှာပြထားတဲ့အတိုင်း Fill လုပ်ပါမယ်။ Fill tool ကိုရွေးပြီး လူပုံရှိတဲ့ ဧရိယာထဲကို Click လုပ်ရုံပါပဲ။ပီးရင် OK ကို Click လုပ်ရုံပါပဲ။အသေးစိတ်သိချင်ရင်http://www.mmphotoshop.net/sbs20.htm သွားလေ.လာကြည်.ပါ။သေသေချာချာ၇ှင်ဲးပြထားတယ်နော်။အဲဒီမှာတော့ Photoshop နဲ့ပတ်သက်တဲ့သင်ခန်းစာတွေအများကြီးတွေ့ရပါမယ်။
ဝင်ရောက်လေ့လာကြည့်ရင်သဘောကျမယ်လို့ထင်ပါတယ်။

နောက်တစ်နည်းပြောပြချင်ပါသေးတယ်---
အခုပြောပြမည့်နည်းကတော့ နောက်ခံ အဖြူနဲ့ အဖြူနီးပါး ရှိသည့် Background နှင့်ပုံများအတွက် အဆင်ပြေပါတယ်။ နောက်ခံအရောင်ရင့်နှင့် ပုံများအတွက်ကိုတော့ စမ်းပြီးပြင်ကြည့်နေပါတယ်။ effective မဖြစ်သေးပါဘူး။သိတဲ့သူရှိရင်လည်း ဖြည့်ဝေပေးကြပါအုံး။
Filter> Extract ကိုသုံးတာ တခါတလေရပေမယ့် handle လုပ်ရတာခက်ခဲတယ်။ ဒါကြောင့် ကိုယ်ပြင်ချင်တဲ့ပုံရဲ့ နောက်ခံက အဖြူနီးပါးရှိရင်တော့ အောက်ပါနည်းကိုသုံးကြည့်ပါ။ လွယ်ပါတယ်။
အသေးစိတ်ပြောပြထားလို့ အဆင့်များသလိုဖြစ်ပေမယ်. တကယ်ပြင်ကြည့်ရင်လွယ်ပါတယ်။ effective လဲဖြစ်ပါတယ်။
၁။ Background ကို copy ကူးပါ (Ctrl+J)

၂။ အဲဒါကို Desaturate လုပ်ပါ (Image>Adjustment>Desaturate) (ပုံက Black&White ဖြစ်သွားပါပြီ)

၃။ အဲဒီ Layer ကို Copy ထပ်ကူးပါ။
***အခုဆိုရင် Layer မှာ Layer ၃ ခုရှိနေပါတယ်။ original ၊ Black&White လုပ်ထားတာ ၂ခုရယ် စုစုပေါင်း layer ၃ခုရှိနေပါတယ်။

၎။Black&White layer ၂ခုထဲက အောက်က Black&White layer ကို select လုပ်ထားပါ။ (အပေါ်ဘက်က Black&White layer ကိုတော့ ခဏမျက်စေ့မှိတ်ထားပါ)
အောက်ပါ options ပြင်ပါ။
-Foreground color = Black
-Brush Tool (Soft Brush) ယူပြီးရင် လူပေါ်မှာလိုက်ခြယ်ပါ။ မဲသွားအောင်ခြယ်ပါ။
***အထူးသတိထားရမှာက လူဘေးအနားစွန်းများကိုမချယ်ရပါ။ လူဘေးပတ်ပတ်လည်ကိုချန်ထားပါ။ လူပေါ်ကိုတော့ မဲနေအောင်ချယ်ပါ။

၅။ မျက်လုံးမှိတ်ထားတဲ့ အပေါ်ဘက်က layer ကိုမျက်လုံးပြန်ဖွင့်ပါ။ Layer mode ကို overlay ပြောင်းပါ။ ခုဏက ချန်ထားခဲ့တဲ့ လူဘေးအနားများကို မဲအောင်ချယ်လို့ရပါပြီ overlay ထားထားတဲ့အတွက် အဖြူနေရာကိုချယ်လဲ အရောင်မပေါ်ပါဘူး။
****ဘေးဘက်ကို တမျှင်ခြင်းထွက်နေတဲ့ ဆံချည်မျှင်တွေပေါ်တော့ မချယ်ပါနှင့်။
အခုဆိုရင် ပုံဟာ အဖြူအမဲ သဲကွဲသွားပါပြီ။ လူကအမဲ Background ကလုံးဝအဖြူ

၆။ အဲဒီ Black&White layer ၂ခုကို select လုပ်ပါ။ layer ပေါင်းပါ (Ctrl+E)

၇။ layer Box ရဲ့အောက်ဘက်မှာရှိတဲ့ ပုံလေးတွေထဲက Create new fill or adjustment layer ပုံထဲက Level ကိုနှိပ်ပါ။ Box ကျလာရင် ဘာမှမပြောင်းဘူး။ Ok နဲ့ထွက်ပါ။
***Black&White layer ရဲ့အပေါ်ဘက်မှာ level layer ပေါ်လာပါပြီ

၈။ Black&White layer ကို select လုပ်ပါ။ Ctrl+A နှိပ်ပါ။ Edit>Copy Merged နှိပ်ပါ။

၉။ Level ထဲ့ထားတဲ့ layer ပေါ်က အဖြူရောင် thumbnail ပေါ်မှာ Alt+Click နှိပ်ပါ။ (ပုံဟာအဖြူရောင်ဖြစ်သွားပါတယ်)

၁၀။ Edit> Paste နှိပ်ပါ။ (thumbnail ကိုကြည့်လိုက်ပါ အဖြူမဟုတ်တော့ဘဲ အောက်ဘက်က Black&White ပုံဖြစ်သွားပါပြီ။)

၁၁။ နောက်ခံထဲ့ချင်တဲ့ပုံကို move tool နဲ့ဆွဲထည့်ပါ။
****အခုချိန်မှာ layer ၄ခုရှိပါတယ်။ အောက်ဆုံးမှာ original ၊ Black&White layer ၊ Level layer နဲ့ အပေါ်ဆုံးမှာ Background layer၊

၁၂။ Black&White layer ကို Delete လုပ်လိုက်လို့ရပါပြီ။(Layer ၃ခုဘဲကျန်ပါမယ်)

၁၃။ Level layer နဲ့ အပေါ်ဆုံးက Background ပုံ layer ကို Clipping mask လုပ်လို့ရပါပြီ။

၁၄။ Level layer ရဲ့ mode ကို multiply ပြောင်းပါ။

Admin
Admin

Posts : 28
Join date : 2009-11-19

https://badboy007.board-directory.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum