badboy007
Would you like to react to this message? Create an account in a few clicks or log in to continue.

သိကြားမင်းနှင့်လှပျိုဖြူတို့ပြဿနာ

Go down

သိကြားမင်းနှင့်လှပျိုဖြူတို့ပြဿနာ Empty သိကြားမင်းနှင့်လှပျိုဖြူတို့ပြဿနာ

Post  Admin Fri Nov 27, 2009 2:00 pm

ကမ္ဘာဦးအစတုန်းက မိန်းကလေးတွေက ယောင်္ကျားတွေလိုပဲ နှုတ်ခမ်းမွှေးတွေ
မုတ်ဆိတ်မွှေးတွေ ရှိကြပါသတဲ့ ။

အဲဒီတော့ အလှကြိုက်တဲ့ မိန်းကလေးတွေခမျာ နှုတ်ခမ်းမွှေးတကားကားနဲ့
စိတ်ညစ်ကြရတာပေါ့ ။ မိန်းကလေးတွေက တိုင်ပင်ကြတယ် ။
ငါတို့ဘာလုပ်ကြရင်ကောင်းမလဲပေါ့လေ ။

တစ်ယောက်ကအကြံပေးတယ် ။ ငါတို့ သိကြားမင်းကြီးဆီ သွားပြီး
အကူအညီတောင်းရအောင်ဆိုပြီးတော့ပေါ့ ။

သူ့အကြံက အကောင်းဆုံးဖြစ်နေတော့ အားလုံးသဘောတူလိုက်ကြတယ် ။ ဒါနဲ့
မိန်းကလေးတွေအားလုံးစုပြီး

သိကြားမင်းကို အပူနဲ့သွားကပ်.. အဲ..အဲ.. အပူသွားကပ်ကြတယ် ။
သိကြားမင်းကြီးရယ်….သမီးတို့မှာ နှုတ်ခမ်းမွှေးတွေ ပေါက်နေလို့ လှသင့်သလောက်
မလှတော့ဘူး ။ အဲဒီ နှုတ်ခမ်းမွှေးတွေကို ဖျောက်ပေးလို့ရရင်

ဖျောက်ပေးပါ သိကြားမင်းကြီးရယ် ….လို့ပေါ့ ။

သိကြားမင်းကြီးကလည်း သိပ်သဘောကောင်းတဲ့သူဆိုတော့ မိန်းကလေးတွေရဲ့အဖြစ်ကို
သနားသွားပြီးတော့ အကူအညီပေးဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ဘေးနားမှာထောင်ထားတဲ့ ၀ရဇိန်မိုးကြိုးသွားကြီးကိုယူပြီး `ဂျိုင်း´
ကနဲမည်အောင်ပစ်ထည့်လိုက်ပါလေရော ။

အဲဒီမှာတင်မိန်းမတွေရဲ့ မျက်နှာပေါ်က နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေအကုန်လုံး
သူတို့ရဲ့ `ဂျိုင်း´ အောက်ကိုရောက်သွားကြရောတဲ့ ။

ပထမတော့အဆင်ပြေနေသေးတာပေါ့ ။သိပ်မကြာပါဘူး ။ ဘာကိုပဲရရ အလိုမကျတတ်တဲ့
မိန်းမတွေရဲ့သဘာဝအတိုင်း `ဂျိုင်း´အောက်က အမွှေးတွေကို
ရှုပ်တယ်လို့ထင်လာကြပြန်ရော ။ထုံးစံအတိုင်း သိကြားမင်းကြီးဆီပြေးကြတာပေါ့ ။

သိကြားမင်းကြီးဆီရောက်တော့ `သိကြားမင်းကြီးရယ်… သမီးတို့မှာ ဂျိုင်းမွှေးတွေနဲ့
အရမ်းရှုပ်ပါတယ် ။ အဲဒီတော့ ထပ်ပြီးကူညီပါဦး´ ပေါ့လေ ။သိကြားမင်းကြီးကလည်း
ကူညီရှာပါတယ် ။ဒါပေမယ့်

ဖြစ်ချင်တော့ သိကြားမင်းကြီးက သုဇိတာမိဘုရားနဲ့ ရန်ဖြစ်ပြီးစ
စိတ်ရှုပ်နေတဲ့အချိန်ဆိုတော့ သူယူလိုက်တဲ့ မိုးကြိုးသွားက အ. အ
ကြီးဖြစ်နေပါလေရော ။ အဲဒီတော့ မိုးကြိုးသွားရဲ့ အသံက ပထမတုန်းကလို မမြည်တော့ဘဲ

`ဖုတ်´ကနဲပဲမည်ပြီးတော့ မိန်းကလေးတွေရဲ့ ဂျိုင်းမွှေးတွေလည်း
ဘယ်ပျောက်သွားမှန်းမသိတော့ပါဘူး ။

အဲဒီကိစ္စကို ကျနော်လည်း အခုထိ စဉ်းစားလို့မရပါဘူးဗျာ ။

သူငယ်ချင်းတွေ စဉ်းစားလို့ ရရင်တော့…………………. Shocked

Admin
Admin

Posts : 28
Join date : 2009-11-19

https://badboy007.board-directory.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum